Wednesday, 5 August 2015

အဆုံးမဲ့အချစ်

ငါ့ရင်ကို ဖွင့်မကြည့်ချင်ပါနဲ့ငါ့ရင်ကို မြင်လိုဇောနဲ့ ခွဲမပစ်ချင်နဲ့ငါ့ရင်မှာ ဘာတွေရှိလဲဆိုတာ မသိချင်ပါနဲ့ငါ့ရင်မှာ ရှိသမျှကို မလေ့လာချင်ပါနဲ့ ...မင်းအတွက်ပေးတဲ့ ပျော်စရာတွေကိုယူ ကြည်နူးစရာကောင်းတဲ့ အချစ်တွေနဲ့ခံစားချက်နုနုလေးအတိုင်း အပူပင်မဲ့စွာ လျှောက်လှမ်းပါ။နာကျင်စရာများလွန်းတဲ့ ဒီအလွမ်းတွေအထီးကျန်ဆန်ခြင်းတွေ မျက်ရည်တွေ ၀မ်းနည်းမှုတွေကို ငါ့ရင်က အခန်းငယ်တစ်ခုမှာသော့ခတ်သိမ်းထားပါရစေ။မင်းသွားမယ့်လမ်းမှာ ကြေကွဲမှုတွေတွေ့လာရင်နာကျည်းစရာတွေတွေ့လာရင် ငိုကြွေးစရာတွေဖြစ်လာရင် .. အထီးကျန်ခြင်းတွေ ဖြစ်လာခဲ့ရင် ငါ့ကို တမ်းတပါ.. ငါအပြေးရောက်လာခဲ့မယ်။ မင်းအတွက် အရိပ်တစ်ခုလို လိုက် ဖြစ်လာသမျှ ဖြေရှင်း အခက်ခဲတိုင်းကို ကူညီရင်း မင်းသွားမယ့် ပန်းတိုင်အရောက် ငါ လိုက်ပို့ပါ့မယ်

No comments:

Post a Comment