ကောင်မလေးရယ်
အနယ်ဝေးတဲ့ငါတို့တွေအဖို့ အလွမ်းတွေကထုဆစ် သတိရခြင်းတွေက
အသင်္ချေ မင်းခံနိုင်ရည်ရှိနိုင်တယ်မလား
လာစေချင်တယ်မဖြစ်နိုင်သေးတဲ့အတွေးစိတ်
ယောင်ယမ်းပီးတော့လဲ မင်းဆီပြေးထွက်ချင်မိ
ခိုးနားချင်တယ်မင်းရင်ခွင်ထဲ
ဝေးကွာလို့လှမ်းမျှော် တမ်းတစိတ်တွေမင်းအနား
ငါလှမ်းချင်မိတယ်
မှောင်မိုက်နေတဲ့ငါ့အနာဂါတ် မင်းအလင်းရောင်နဲ့
ခြယ်သခွင့်ပေးပါ နေရောင်မလိုတဲ့ငါ့အတွက်
မင်းလေးရဲ့အလင်းရောင်သာငါလိုချင်မိ
အမှောင်တွေကိုလဲငါမကြောက်ဘူးမြင်နိုင်တဲ့မင်းရဲ့
အလင်းရောင်နဲ့မင်းရဲ့အကြင်နာတွေက
ငါ့အတွက် အလိုချင်ဆုံးဆန္ဒ တစ်ခုပါ
အချစ်ရဲ့အလင်းရောင်ကငါ့အတွက်
ထာဝရလင်းလင်းခွင့်လေးပါ ကောင်မလေးရယ်
No comments:
Post a Comment