ရှင်သန်နေတဲ့နှလုံးသားမှာ
စိုက်ပျိုးခဲ့တဲ့နင့်ရဲ့အချစ်တွေ
အိုဟောင်းဖို့ဆိုတာ မရှိပါဘူး
ဖူးပွင့်နေတဲ့ပန်းလေးတွေလို ရှင်သန်လန်းဆန်း
ငါ့နှလုံးသားအိမ်ငယ်လေးနင့်အတွက် အမြဲတန်း
ငါ့အချစ်တွေက လတ်ဆတ်နေဆဲပါ
ဖူးငုံနေတဲ့နင့်ရဲ့အချစ်အတွက် ငါ့ရဲ့နှလုံးသား
နင့်အတွက်သာ
အိုဟောင်းခြင်းမရှိတဲ့ အချစ်တွေနဲ့
နင့်အပေါ်ထာဝရ မပြောင်းလဲ့တဲ့ ချစ်ခြင်းနဲ့
ငါထာဝရချစ်နေပါရစေ
No comments:
Post a Comment