Wednesday, 28 January 2015
မေ့မထားပါနဲ့နော်ချစ်သူ
လ တွေ နှစ်မြို
တိမ် တွေရွေ့ လျား
မေ့မသွားပဲ 
ထာဝရ တည်ရှိနေတာ
အမြဲတမ်း နုပျိုတဲ့
အချစ်စစ်နဲ့ ပါ......။
###########
သဘာဝ ဖြစ်တည်ခြင်း
ပေါက်ပွားလာတဲ့
ရင်တွင်းဆန္ဒ
မေ့မသွားပါနဲ့  ချစ်သူ......။
############
အသစ်အသစ်တွေ 
သိပ်များတဲ့ ခေတ်ထဲမှာ
အဖြစ် အပျက်တွေ လဲ သိပ်များတယ် ချစ်သူ
ပြောင်လဲ မှု့ အသိုင်းဝန်းတွေကြား
တို့ နှစ်ယောက် 
အိမ်မက် ကမ္ဘာ 
ချစ်သူ မေ့ထားမှာ စိုးတယ်....။
#################
ထာဝရ အိမ်မက်တွေ
ယိုင်လဲ မသွားပါနဲ့  ချစ်သူ
ချစ်သူ ပြောတဲ့ တစ်နေ့ 
အဲ့ တစ်နေ့ ကို
မေ့မသွားပါနဲ့ နော်.......။
အချိန်မင်းအတွက်ဖြည့်ဆည်းချင်သူ
အချိန်တိုင်း လွမ်းနေမိတယ်
အချိန်တိုင်းလဲ အနားမှရှိနေချင်တယ်
အမြဲတမ်းလဲ ချစ်သူကိုတမ်းတမိတယ်
အမြဲတမ်းလဲ ချစ်သူရဲ့ လိုအင်တွေ ဖြည့်ချင်သူပါ
တမ်းတတယ်ဆိုတာ
ငါ လိုအပ်လို့ မဟုတ်ပါဘူး ချစ်သူ
ပေးဆပ်ချင်တဲ့ နှလုံးသားကဆန္ဒလေးပါ
ပျော်စေချင်တယ် ချစ်သူ
ချစ်တက်တဲ့ လူတစ်ယောက်အတွက်
အချစ်ဆိုတာ အင်းအားကြီးလှပါတယ်
ကိုယ် ချစ်တဲ့သူ ရဲ့အပြုံး တစ်ချက်ကလဲ
ကိုယ့် အတွက် အရာရာကို အောင်မြင်စေပါတယ်
ကိုယ့် ချစ်သူရဲ့ စကားလုံးလေးတွေက
ကိုယ့်အတွက် စာတွေစီ ကဗျာ တွေမမှီနိုင်သလို
သံသာသာ တေးသီချင်းတွေ ဝေးလွင့်စေသူပါ
ကိုယ် ချစ်တဲ့ သူဆီက
အရမ်း....ချစ်တယ်နော် ဆိုတဲ့
စကားတခွန်းက ဘယ်အရာနဲမှ နှိုင်ယှဉ်လို့ မရနိုင်ဘူးနော်
မင်းအတွက်
ချစ်သူ...
ဘ၀ကခါးသက်...
လမ်းတွေကြမ်းလို့...
မင်းမနွမ်းစေရအောင်..
ငါ...
အချစ်တွေနဲ့ထုံမွှမ်းပေးနိုင်ပါတယ်..
ချစ်သူရေ..
ပေးနိုင်တာတော့...
မေတ္တာ.နဲ့ သစ္စာပဲရှိတာမို့..
လက်တွဲဖြုတ်မယ်ဆိုလည်း...
နာလည်မှုတွေနဲ့..
ခွင့်လွတ်ပေးနိုင်ပါတယ်...
ချစ်သူ...
ထွက်သွားမယ်ဆိုလည်း..
တားဆီးဖို့အင်အားမဲ့နေတဲ့လက်တွေက..
မင်းဘ၀သာယာဘို့...
စေတနာနဲ့..
ငါ..
ဝေဒနာတွေမွေးမြူလိုက်တာပါ..
ချစ်သူ..
မေ့လိုက်ပါတော့လို့တော့မပြောပါနဲ့နော်..
မင်းကိုချစ်တဲ့အချစ်တွေက.
နှလုံးသားမှာအမြစ်တွယ်...
ရစ်နွယ်နေတဲ့ငါ..
မင်းကိုမေ့လိုက်ရင်..
ငါ  ......   ဆိုတာရှိမှာမဟုတ်တော့လို့ပါ..
Tuesday, 27 January 2015
ဘယ်တော့မှမေ့မရနိုင်တဲ့နေ့လေးပါ26/1/2015
ငါ့အပေါ်ကိုယ်ချင်းစာနာမှု တွေနဲ့ချစ်ပေးတဲ့
နင့်ကို ငါလေအရမ်းကျေးဇူးတင်တယ်
အရမ်းလဲ
တန်ဖိုးမဖြတ်နိုင်အောင်ချစ်တယ်
ငါ့ဘဝမှာအပျော်ရွှင်ဆုံးနေ့လေးပါ
ဘယ်လိုမှငါမေ့နိုင်မှာမဟုတ်ဘူး
         ဘယ်နေရာဘယ်ဆီဘဲရောက်နေပါစေ
နုင်ကငါ့အတွက် ထာဝရချစ်သူဆိုတာ
     ငါ့ရင်ထဲမှာအမြဲသိမ်းထားနေမှာပါ
ဝေနေလို့လဲ ငါစိတ်တွေကမပြောင်းလဲသလိုငါ့အချစ်တွေလဲ
နင်တစ်ယောက်သာအတွက်ဆိုတာ  ငါသစ္စာပြုထားပါတယ်
           ဆုံနိုင်မယ့်ရက်ရေတွက်လို့ ငါနင့်ဆီအရောက်လာခဲ့မယ်ချစ်သူရယ်
Monday, 26 January 2015
မင်းလေးအနားမှာအမြဲနေချင်တယ်
အထီးကျန်တဲ့နေ့ည ငါတစ်ယောက်ထဲ
ယောင်ရှာရှာနဲ့ပေါ့  နင်မရှိတဲ့နေ့ည ငါ့အတွက်မှောင်မိုက်နေပါလား  ချစ်သူ
   စိတ်ဆိုးစိတ်ကောက်လွယ်တဲ့ နင့်အပြုံးလေး
ငါအမြဲတွေး ငါအမြဲဆွေး  နင့်ပုံရိပ်တွေက
     ငါအနားအမြဲမြင်ယောင်နေတာ
နင်သိနိုင်ပါ့မလား ချစ်သူ
        အတွေးနဲ့ အလွမ်းငါ့အတွက် အခင်မင်ဆုံးဖြစ်နေတာ နင်သာငါ့အနားမှာမရှိရင်
      ငါဘဝရဲ့အလင်းရောင်လေး
ဘယ်လိုလုပ်ရှိနိုင်အုံးမလဲ  ချစ်သူရယ်
နင့်ကိုလေငါအရမ်းလွမ်းတယ်
           အရမ်းလဲချစ်တယ် ချစ်သူ
Thursday, 22 January 2015
လွဲနေတဲ့ အမှားရဲ့နောက်ကွယ်ကအချစ်
  အကြိမ်ကြိမ် ငါလေ နင့်အတွက် ဆို အရှုံးပေး
  ဒူထောက်ပေးနေရက်  ဘာလို့ ထပ်ပြီးအနိုင်လိုချင်ရတာလဲ
        တစ်ကြိမ်တစ်ခါ ချစ်လွမ်းလို့ စနောက်မိတိုင်း
တကယ်ကြီးလို့ အစွဲထင်နေရတာလဲ ဟာ
ငါလေနင်နဲ့ပတ်သက်တိုင်း ငါ့ရင်ထဲ ပန်းချီရေးဆွဲနေသလို  နင့်ရဲ့အပြုံးမျက်နာလေးက
အမြဲရှိနေပြီးသားပါ   ငါချစ်ခဲ့တာရေပြင်ပေါ်
အရုပ်ရေးဆွဲတဲ့အချစ်လဲမဟုတ်ပါဘူးဟာ
      နက်ရှိုင်းတဲ့ ငါ့ရဲ့မမေ့နိုင်တဲ့အဖြူထည်အချစ်စစ်နဲ့ပါ
ငါ့ရဲ့ပြုံးနေတဲ့နောက်ကွယ်မှာ ငါ့မှာခံစားနေရတာတွေ
လွမ်းနေရတာတွေ ကိုနင်မှမသိခဲ့တာ
    နင်ငါ့ကိုတကယ်ချစ်တယ်ဆို နားလည်မှုလေးပေးပါလားချစ်သူ
          ငါ့အတွက် ကျဘာလို့နင်နားလည်မပေးနိုင်ခဲ့ရတာလဲ
ငါအရမ်းနာကျင်မိပါတယ် ချစ်သူ
Tuesday, 20 January 2015
နှင်းတွေကြားကအလွမ်းရင်ခုန်သံ
နှင်းပွင့်မြူကြား ငါရဲ့ညတွေ ကအေးစက်နေတယ်
      မျှော်နေတိုင်းပေါ်မလာတော့လည်း
ဒီညငါလွမ်းကျန်ရပြီပေါ့  ချစ်သူရယ်
       အေးချမ်းတဲ့ဆောင်းရဲ့ဒဏ် ငါခံနိုင်ပေမယ့်
နင့်ရဲ့အေးစက်တဲ့ဒဏ်ကို ငါခံနိုင်ရည်မရှိပြန်ဘူး
      အလွမ်းရဲ့ညမှာ နွေးထွေးပေးချင်တဲ့ နင့်ကို
ငါပေးခွင့်မရပြန်ဘူး
        တစ်နယ်စီကွာမိုင်တွေအဝေးကြား
ငါတို့တွေပိုပြီး ခိုင်မြဲကြမယ် ချစ်သူနော်
            ညတိုင်းနင့်ကိုငါလွမ်းနေဆဲပါချစ်သူ
ဘယ်တော့မှမဟောင်းနွမ်းဘူး
ှင်သန်နေတဲ့နှလုံးသားမှာ
   စိုက်ပျိုးခဲ့တဲ့နင့်ရဲ့အချစ်တွေ
   အိုဟောင်းဖို့ဆိုတာ မရှိပါဘူး
ဖူးပွင့်နေတဲ့ပန်းလေးတွေလို ရှင်သန်လန်းဆန်း
  ငါ့နှလုံးသားအိမ်ငယ်လေးနင့်အတွက် အမြဲတန်း
ငါ့အချစ်တွေက လတ်ဆတ်နေဆဲပါ
  ဖူးငုံနေတဲ့နင့်ရဲ့အချစ်အတွက် ငါ့ရဲ့နှလုံးသား
နင့်အတွက်သာ 
          အိုဟောင်းခြင်းမရှိတဲ့ အချစ်တွေနဲ့
နင့်အပေါ်ထာဝရ မပြောင်းလဲ့တဲ့ ချစ်ခြင်းနဲ့
      ငါထာဝရချစ်နေပါရစေ 
Sunday, 18 January 2015
ညရဲ့အလွမ်း
ဒီညလဲ ငါနင့်ကိုလွမ်းနေရပီဟာ
    ခဏလေးစကားလေးပြောခွင့်ရခဲ့ပေမယ့်
           အလွမ်းတွေပြေပျောက်ခဲ့ရပါတယ်
အတူတူဆုံချိန် ပြောချင်တဲ့စကား
      ငါပြောခွင့်မရခဲ့ပါဘူး
ငါသစ်ချစ်တဲ့ နင့်ကို အရမ်းချစ်တယ်လို့ဘဲ
အော်ပြောပြချင်လိုက်တာ ချစ်သူ