ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ပေးသလောက်ပြန်ရမယ်ဆိုရင် ဒီရင်နဲ့မဆံ့ ကမ္ဘာမြေအနှံ သင်းပျံနေလိမ့်မယ် ထင်ပါတယ်....တစ်နွယ်ငင် တစ်ပင်ပျိုးလို့ တစ်ပွင့်တည်းပွင့်တက်တဲ့ ပန်းတစ်မျိုးမှာ ဘာအရောင်မှ မစွန်းထင်းဘဲ ပကတိဖြူစင်တဲ့ မေတ္တာမျိုးနဲ့ ချစ်ခဲ့တာပါ......ချစ်သူအလွမ်းတွေကြောင့် တောက်လောင်နေတဲ့ ရင်ထဲက မီးလျှံတွေကို ဘယ်လိုအရာတွေကများ ငြိမ်းသတ်နိုင်ပါ့မလဲ....အလိုက်သတိ လည်ပတ်နေတဲ့ အချိန်သံသရာထဲ ခြေစုံရပ်ပြီး ငါတို့နှစ်ယောက်တွေဝေနေကြတုန်းဘဲနော်....ချစ်သူ မြူတွေဝေတဲ့ ဆောင်းမနက်ခင်းတစ်ခုကို ငေးကြည့်ရင်း ပြန်မြင်ယောင်မိတာက ပျော်ရွှင်ခဲ့ဖူးတဲ့ အတိတ်ပန်းချီကားလေးတစ်ချပ်ပေါ့....မျှော်လင့်ချက်တွေ ဆိတ်သုန်းပျောက်ကွယ်မသွားသရွေ့တော့ ခံစားချက်တွေ တမြေ့မြေ့ကျွမ်းလောင်ရင်း အိမ်မက်ထဲထိအောင် မင်းကို ယောင်ယမ်းတမ်းတမိနေဦးမှာပါ.......ချစ်သူငါဟာ မရေမရာစီးဆင်းနေတဲ့ မြစ်တစ်စင်းဘဲလား...ချစ်သူ ရင်ခွင်ဆီရောက်အောင် ဘယ်လိုများ စီးဆင်းရပါ့မလဲနော်...ချစ်ခြင်းတွေနဲ့ ထုဆစ်ခဲ့တဲ့ ပုံရိပ်တစ်ခု မှေးမှိန်ပျောက်ကွယ်သွားမှာကိုဘဲ စိုးရိမ်နေခဲ့မိတယ်......ချစ်သူ ရင်ထဲက ခံစားနေရတာတွေကို ချစ်သူမြင်သာအောင် နှင်းတွေလို ဝေပြလို့ ရရင်လဲ အကောင်းသားနော်....ဒါမှ မျိုသိပ်မျှော်လင့်နေသူတစ်ယောက်ရဲ့ ရင်ထဲက ဆန္ဒမှန်သမျှကို မြင်လာမှာ မဟုတ်လား.....ချစ်သူသတိရခြင်းတွေကြောင့် အလွမ်းတွေ ဖြစ်တည်လာတက်သလို အဲ့ဒီ အလွမ်းတွေကြောင့်ဘဲ ရင်ထဲက အချစ်တွေ ပိုပြီး ခိုင်မြဲစေတက်တာပါ......ချစ်သူ ပိုင်ဆိုင်ခွင့်ရဘို့ဆိုတာထက် အချိန်တိုင်း သတိရနေတက်တဲ့ သူတစ်ယောက်ရဲ့ နှလုံးသားကို စာနာပေးပါလား....ချစ်သူတစ်ခါတလေတော့လည်း တွေးကြည့်မိပါတယ်...မဖြစ်နိုင်တဲ့ အရာတွေအပေါ်မှာ အရူးအမူးမျှော်လင့်သလို ဖြစ်နေမလား....လို့ပါနင့်ကို တက်နိုင်သလောက်မေ့ဘို့ ကြိုးစားနေတဲ့ကြားက သတိရနေတက်တဲ့ ငါ့စိတ်ကို ငါလည်း မထိန်းချုပ်နိုင်သေးဘူး.......ချစ်သူငါကတော့ နင့်စိတ်ရဲ့ ခဏတာမှာ မြူတစ်မှုန်စာလောက် ရှိနေရင်တောင် ကျေနပ်နေသူတစ်ယောက်ပါ...ငါ့ နှလုံးသားထဲမှာ တည်မြဲနေတဲ့ နင်နဲ့ပတ်သတ်သမျှအရာတွေကို ချေဖျက်ဖို့ နင့်အချစ်တွေနဲ့မှ ကျေလိမ့်မယ်....ချစ်သူ ဒါပေမဲ့လည်း စိတ်ကရည်စူးရင်း နှုတ်ကပြောခွင့်မရှိတဲ့ ပညတ်ချက်စည်းဘောင်တွေထဲမှာ နေသားတ ကျနေထိုင်ရင်း နင့်အကြောင်းတွေကို ငါ နားစွင့်နေပါရစေတော့.......ငါ့အတွက် အခွင့်အရေးဆိုတာ ရှိနေသေးရင် နင်ကမ်းလာမဲ့ လက်တစ်ဖက်ကို စောင့်မျှော်ရင်း ကမ္ဘာကြီးရဲ့ တစ်နေရာမှာ ငါရှိနေမယ်.......ချစ်သူ