Wednesday, 31 May 2017

အဝေးရောက်ချစ်သူ

♡ ♡ ♡ ဆုံတော့ဆုံဖြစ်ပါရဲ့
အလှမ်းဝေး ဆုံး ဆုံခြင်းနဲ့ပေါ့
ပြောတော့ပြောဖြစ်ပါရဲ့

အသံလေးကြားရုံးလေးပေါ့

♥ ♥ ♥ ♥ တစ်မိုးအောက်မှာအတူတူရှိနေကြတာဘဲ
ယုံကြည်ခြင်းတွေ ကတိသစ္စာလေးရှိနေတာဘဲ

ဘာလို့မဆုံနိုင်ရမှာလဲ

အနေဝေးလို့ဆွေးရတာကငါတို့အတွက်
တဒင်္ဂလေးပါ

ပျော်ရွင်တဲ့နေ့တွေကရောက်လာတော့မယ့်တစ်နေ့
မှာအပြုံးပန်းလေးနဲ့ဆီကြိုပေးပါနော်

အဝေးကချစ်သူ

Monday, 29 May 2017

ချစ်​သုသိ​စေ

ချစ်သူသိလေ

ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ ...

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...

အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...

ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...

မောင်စိန်ဝင်း (ပုတီးကုန်း)

Friday, 12 May 2017

အနီးအ​ဝေး

အ​ဝေးဆုံးမှာရှိတုန်းငါတို့​တွေအတူတူ​တောင်​မဆုံနိုင်​ကြခဲ့ဘူး

အနီးဆုံးမှာရှိခဲ့​ပေမယ့်​  ငါတို့​တွေအတူတူမ​တွေကြရဘူး

ဝေးလျက်​နီးခဲ့ကြ​ပေမယ့်

နီးလျက်​ပြန်​​ဝေးခဲ့ရတယ်

ကံကြမ္မာ​ကြောင့်​လား  ကံကြမ္မာဆိုတာငါတို့​တွေဖန်​တီးတဲ့အရာ​တွေလား

ငါအရမ်းလွမ်း အရမ်းသတိရ​နေတယ်​...

တစ်​​နေ့ဆိုတဲ့ရက်​​လေးမှာငါတို့​တွေအတူတူဆုံ​တွေ့ခွင့်
ပျော်​ရွင်​တဲ့​နေ့သစ်​​လေး​အရမ်း​တောင်းတမိ​ပေမယ့်
ဆု​တောင်း​တွေမပြည့်​ဝခဲ့ဘူး

အ​ခုဆိုအ​နေ​ဝေးလို့ပို​ဆွေးရပီ​ပေါ့ ........

       အရမ်းချစ်​လိုက်​တာ   မင်းကို......

                            ((⊙.⊙(☉_☉)⊙.⊙)Maykhawady)❤◦.¸¸. ◦✿