Thursday, 22 September 2016

ကောင်​မ​လေးအတွက်

ချစ်ခြင်းမေတ္တာဆိုတာကိုယ်ပေးနိုင်သလောက်သာ ကိုယ်ပြန်ရခဲ့မယ်ဆိုရင်ဒီရင်နှင့်မဆံ့ ကမ္ဘာမြေအနှံ့သင်းပျံ့နေပါလိမ့်မယ် တစ်နွယ်ငင် တစ်ပင်တည်းပိုးလို့တစ်ပွင့်တည်းပွင့်တတ်တဲ့ပန်းတစ်မီူးမှာ ဘာအရောင်ဆိုးဆေးတွေမှမရှိပဲ ပကတိဖြူစင်တဲ့မေတ္တာနဲ့ချစ်ခဲ့ရတာပါကောင်မလေးရယ်. အလွမ်းတွေကြောင့်တောက်လောင်နေတတ်တဲ့မီးလျှံတွေလည်း ဘယ်အခြေအနေမှာငြိမ်းသက်နိုင်ပါ့မလဲကောင်မလေးရယ်. . .နှင်းတွေဝေနေတတ်တဲ့ နံနက်ခင်းတိုင်းမှာအလိုက်သိ စီးဆင်းနေတတ်တဲ့ နင့်ရဲ့ပုံရိပ်တွေရယ် ပြီးတော့ တွေဝေမှုတွေနဲ့ ပိာုး. . . .အဝေးကြီးကို ငေးကြည့်နေတတ်တဲ့ကောင်လေးတစ်ယောက်ရယ် သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေက ဆောင်းပန်ချီးကားလေးတစ်ချပ် ချိတ်ဆွဲထားသလိုပါပဲ . ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ဆုံစည်းမှုက ဘယ်တော့များမှလဲကွာ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းပျောက်ကွယ်မသွားသ၍ အိပ်မက်တွေထဲထိအောင်ရောင်ယမ်းတမ်းတနေမိဦးမှာပါ ကောင်မလေးရယ်. . .ငါပာာမရေရာခြင်းတွေနဲ့ဖြစ်တည်နေတဲ့ မြစ်တစ်စင်းလိုလူတစ်ယောက်ပါ နင့်ရင်ခွင်ဆီရောက်အောင် ဘယ်လိုများဖြတ်သန်းစီးဆင်းခွင့်ရပါ့မလဲ. နာကျင်ကြေကွဲမှုတွေနဲ့ ငါ့နှလုံးသားပေါ်မှာ အရုပ်ရေးဆွဲခဲ့တဲ့ နင့်ရဲ့ပုံတူပန်ချီးကားချပ်လေး ပျောက်ပြယ်လွင့်ပြယ်သွားမှာကိုတော့အရမ်းပဲစိုးရိမ်နေခဲ့မိတယ် ငါ့ရင်ထဲက ခံစားနေသမျှကို နင်မြင်သာအောင် နှင်းတွေလိုဝေပြလို့ရရင်လည်းအကောင်းသား ဒါမှ မိုသိပ်မျှော်လင့်နေသူတစ်ယောက်ရဲ့ ရင်ထဲကဆန္ဒမှန်သမျှကို နင်မြင်သာလာနိုင်မယ်မပာုတ်လားးး သတိရခြင်းတွေကြောင့် အလွမ်းတွေဖြစ်တည်နေတတ်သလို အဲ့ဒီအလွမ်းတွေကြောင့်ပဲ ငါ့ရင်မှာအချစ်တွေကပိုပြီး ခိုင်မာစေတတ်ခဲ့တာပါ. ချစ်တယ်ဆိုတဲ့စကားလုံးလေးထက် ပိုလို့တောင်ချစ်ခဲ့ရတာပါကောင်မလေးရယ်. ပိုင်ဆိုင်ခွင့်ရဖို့ဆိုတာထက် အချိန်တိုင်းသတိရနေတတ်တဲ့ လူတစ်ယောက်ရဲ့ရင်ကို စာနာပါဦးတော့. . .ပန်းတစ်ပွင့်ဖြစ်တည်ဖို့ဆိုတာ ဥယျဉ်မှူးတစ်ယောက်ရဲ့ မေတ္တာနဲ့စေတနာပေါ်မှာမူတည်တာပါ ဒါမှလည်းအလှဆုံးပန်းလေးတစ်ပွင့်အဖြစ် ပွင့်ဝေလာမှာမပာုတ်လား ဒီလိုပါပဲ နှလုံးသားကဖူးပွင့်ဝေဆာလာတဲ့ ပန်းတစ်ပွင့်ပာာငါ့နှလုံးသွေးတွေနဲ့ရင်းခဲ့ရပြီး ခိုင်မာတဲ့နှောင်ကြိုးပေါင်းများစွာနဲ့ ဂရုတစ်စိုက်ပွင့်စေခဲ့တာပါ ပန်ချင်ရင်လဲပန်လိုက်ပါမပန်ချင်ရင်လည်း ခြွေခဲ့ပါကောင်မလေးရယ်. ညှိုးငယ်စွာနဲ့ နာကျင်ကြေကွဲလို့ကျန်နေခဲ့ရမယ့်ဒဏ်ကို ငါမခံနိုင်လို့ပါကောင်မလေးရယ်. ငါ့ကိုတော့ နင့်စိတ်ရဲ့ခဏတာမှာ မြူတစ်မှုန်စာလောက်ရှိတယ်ဆိုရင်တောင် ကျေနပ်နေသူပါ ငါ့နှလုံသားမှာတည်မြဲနေတဲ့ နင်နဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုချေဖျက်ဖို့ နင့်အချစ်တွေနဲ့မှ ကြေလိမ့်မယ်ထင်တယ်ဒါပေမယ့် စိတ်ကရည်းစူးရင်း နှုတ်ကပြောခွင့်မရှိတဲ့ ပညက်ချက်စည်းဘောင်တွေထဲမှာ နေသားတကျနေထိုင်ရင်း နင့်အကြောင်းတွေကိုနားစွင့်နေမယ် အခွင့်အရေးဆိုတာ ငါ့အတွက်ရှိနေသေးရင် နင်ကမ်းလာမယ့် လက်တဖက်ကို စောင့်မျှော်နေမယ့်သူက ငါပါ. . .

Friday, 16 September 2016

အချစ်ဦးသို့လွမ်းတေးသီ

ဆုံဆည်းရတဲ့နေ့ရက်

တွေ့ခွင့်ရတဲ့ကြံမ္မာတွေ

ချစ်မိခဲ့တဲ့နှလုံးသား...

မင်းတစ်ယောက်ထဲအတွက်ပါ.....
 
  အချိန်တွေကပြောင်းလဲတိုင်းအချစ်တွေကခိုင်မြဲလာတယ်

ငါတို့တွေအနေမနီးပေမဲ့  ငါတို့ရဲ့နီးစပ်နဲ့နှလုံးသားတွေကအရမ်းကိုနီးစပ်ခွင့်ရခဲ့ပါတယ်

အခုချိန်ဆိုငါနင့်ကိုဘယ်လောက်ထိလွမ်းဘယ်လောက်ထိသတိရနေမလဲဆိုတာနင်လဲသိမှာပါ....

နင်ငါ့ကိုချစ်တယ်လို့ ပြောပြီးတိုင်း

ငါ့ကိုအလွမ်းတွေနဲ့ထားခဲ့တယ်

တစ်နေ့တစ်ရက်တောင်မတွေ့ရမနေနိင်တဲ့ငါ့မှာ

နင်လာမယ့်အချိန်တိုင်းကိုမျှော်ငေးရင်း

မင်းဓါတ်ပုံလေးနဲ့ငါဖြေသိမ်းနေရတယ်

နင်အခုနေမကောင်းဖြစ်နေတာသိပါတယ်
ဒါပေမယ့်ငါ့အချစ်ကမပြောင်းလဲပါဘူးဟာ..

နင်ငါ့ကိုမေ့နိုင်အောင်ကြိုးစားနေတယ်လို့ငါစိတ်ထဲမှာတစ်ခုခုတွေးနေမိတယ်
နင်ငါ့ကိုအလွမ်းတွေပေးပြီးထွက်ပြေးနေချင်တာမလား

ငါကတော့အမြဲလိုက်နေမှာဘဲဟာ

မင်းမရှိတဲ့ဘဝဆိုတာငါ့အတွက်ဘဝလဲမရှိတော့လို့ပါ

မင်းကိုငါချစ်တဲ့အချစ်မှာ

မင်းရင်ထဲကဖြူစင်တဲ့အချစ်တစ်ခုတည်းပါ

ဘယ်လိုဘဲဖြစ်နေဖြစ်နေငါအချစ်တွေကမင်းအပေါ်ရှင်သန်နေမှာပါချစ်သူ...