Friday, 30 October 2015

တစ်​ဘဝစာ

❀ ❀ ❀ ❀ တစ်​ဘဝစာ♥ ♥ ♥ ♥ ♥

....ငါတို့နှစ်​​ယောက်​ရဲ့ ဆုံ​တွေ့ရခွင့်
ဘယ်​အချိန်​လဲဆိုတာ မသိနိုင်​​ပေမယ့်
❀ ❀ နင့်​နဲ့ဆုံ​တွေ့ရနိုင်​မဲ့ အချိန်​​လေ​တော့
ငါ့အတွက်​​မျှော်​လင့်​ချက်​ဘဲ.......

✔ ✔ ✔ နင့်​ရင်​ထဲမှာ ငါဘယ်​​လောက်​ထိ​နေရာယူထားတယ်​ဆိုတာကို မသိ​ပေမယ့်

ငါ့ရင်​ထဲမှာ​တော့နင့်​ကို♥ ♥ ♥ သတိရ​နေမိတဲ့စိတ်​​တွေက အချိန်​တိုင်းပါဘဲ

♡ ♡ ♡ ငါနဲ့ပတ်​သက်​ရင်​နင့်​ရင်​ထဲမှာ
ဘယ်​​လောက်​ထိရည်​ရွယ်​ထားတယ်
ဆိုတာမသိ​ပေမဲ့
ငါ့အချစ်​​တွေက​တော့ နင့်​အတွက်​တစ်​ဘဝလုံးစာပါဘဲ   ချစ်​သူရယ်​.........

Thursday, 29 October 2015

မျှော်​လင့်​ချက်​နဲ့ရှင်​သန်​သူ

   

ပေးသွားခဲ့တဲ့ကတိစကား
     တစ်​ညကုန်​လွန်​​ပေမယ့်​  အသိတစ်​ခုထဲ
နှိုးကြားခြင်း  ​တွေကကြီးစိုး​နေမိတယ်
  ဘယ်​​နေ့ဘယ်​ရက်​ ​တွေ့ရမလဲ
ဘယ်​အချိန်​ဘယ်​စက္ကန့်​မှာ​တွေ့ရမလဲဆိုတဲ့
တမ်းတရှူရှိုက်​မိတဲ့အသံ​တွေကရင်​တစ်​ခုလုံးစူးရှ​စေလိုက်​တာများ

  မင်းသိ​အောင်​​ပြောပြလိုက်​တာချစ်​သူရယ်​.......

အနမ်းတစ်​ပွင့်​ရဲ့ရနံ​လေး သင်းပျံ့​နေတဲ့ရင်​ထဲမှာ
မင်းနဲ့​တွေ့ရမယ့်​စိတ်​တစ်​ခုကိုငါ​မေ့​ဖျောက်​လို့မရနိုင်​ဘူး

   ❀ ❀ ❀ ❀ ❀ ❀ ဘယ်​​လောက်​ငါ​စောင့်​ရမလဲမသိ​ပေမယ့်
မင်းကိုချစ်​တဲ့စိတ်​မင်းကိုမြတ်​နိုးချစ်​မင်းကိုတန်​ဖိုးထားတဲ့အချစ်​​တွေကကြီးစိုး​နေသ​ရွေ့
ငါ​မျှော်​လင့်​​စောင့်​စား​နေမှာပါ

       ချစ်​သူ......

Maykhawady..