ချစ်သူ ပြန်ထွက်သွားဖို့ရည်ရွှယ်ပြီးသားဆိုဘာလို့အိပ်မက်တွေပေးခဲရတာလဲ ချစ်သူးးးးးးးး
ခုနင်ပေးခဲတဲ့အိပ်မက်တွေနဲ့ငါရည်ရွယ်ချက်လမ်းပျောက်နေပြီ ဒါပေမယ့်နင်ပေးတဲ့မျှော်လင့်ချက်မဲ့အိပ်မက်တွေကိုဘဲ ငါရူးသွပ်စွာဖက်တွယ်နေတုန်းဘဲ ချစ်သူးးးးးးးးး
တကယ်ဆိုရင် နင်ကငါ့နှလုံးသားထဲကိုအလည်လာတဲ့ဧည့်သည်တစ်ယောက်ပါးးးးးး
ကြင်နာမြတ်နိုးမှုတွေအလေးထားဂရုစိုက်မှုတွေနဲ့ တစ်ဘဝစာအတွက်ငါ့နှလုံးသားတစ်ခုပုံအပ်ပြီးငါဧည့်ခံခဲပါတယ် ငါဧည့်ဝတ်ကျေပါတယ်နော် ချစ်သူးးးးးးးး
ပြန်လာခဲပါ ချစ်သူရယ်းးးးးးငါ့အိပ်မက်တွေကဖြစ်နေတုန်း ငါနင့်ကိုမျှော်နေလျက်ပါ ချစ်နေဆဲပါ ချစ်သူရယ်းးးးးးးးးးး
Tuesday, 28 July 2015
ဧည့်သည်
Saturday, 25 July 2015
အနယ်ဝေးသူမို့
အနေဝေးဝေးနေရတဲ့  အချိန်မှာ အရမ်းလွမ်းတာပဲ ဆိုတဲ့  စကားကို အချိန်တိုင်းပြောနေတာထက်စာရင်အတူတူနေရအောင် ပြန်လာခဲ့ ဆိုတဲ့  စကားက ပိုပြီး နားဝင်ချိုတယ်.......................................နီးစပ်ဖို့ မဖြစ်နိုင်သေးတဲ့  အချိန်မှာအမြဲပြောနေကျဖြစ်တဲ့  ချစ်တယ်ဆိုတဲ့ စကားတွေထက်စာရင်ဘယ်အခြေအနေဖြစ်ဖြစ် မခွဲဘူးနော်ဆိုတဲ့  စကားက ပိုပြီးကြည်နူးစေတယ်...............................နေ့တိုင်းတွေ့ဖို့ အခက်အခဲလေးတွေ ရှိနေချိန်မှာအရမ်းသတိရနေမိတာပဲဆိုတဲ့  စကားလေးတွေ ပြောနေတာထက်စာရင်အမြဲမတွေ့ရလည်း သစ္စာရှိနေရမယ်ဆိုတဲ့  တိုင်တည်စကားက ပိုရင်ခုန်ဖို့ ကောင်းတယ်................ဆင်းရဲရဲချမ်းသာသာရုပ်ချောချောမချောချောကိုယ်ကိုတိုင်လည်းမြတ်နိုးတယ်...ကိုယ့်ကိုလည်း တကယ်ချစ်တယ်.......ဘယ်အရာတွေကိုပဲလုပ်လုပ် အမြဲတမ်း စိတ်တူကိုယ်တူဖြစ်တဲ့  ချစ်သူကိုပိုင်ဆိုင်ခွင့်ရတာက ကံကောင်းမူ့တစ်ပါ..........
Friday, 24 July 2015
အချစ်ဆိုတာတွေ
တခါတခါ.....အချစ်ဆိုတာ....ဘယ်လိုတွက်တွက် အဖြေမထွက်နိုင်တဲ့ပုစ္ဆာတစ်ပုဒ်လို ခက်ခဲနက်နဲရှုပ်ထွေးတယ်....။တခါတခါ......အချစ်ဆိုတာ......နူးညံတဲ့ ကလေးငယ်တစ်ယောက်ရဲ့ရယ်သံလေးလို ချိုမြလို့ အပြစ်ကင်းစင်နေခဲ့တယ်..။တခါတခါ ....အချစ်ဆိုတာ.....အပြောကောင်းသူတစ်ယောက်ရဲ့ ပုံပြင်တစ်ပုဒ်လိုတသသနဲ့ စွဲလန်းစေတတ်သေးတယ်.....။တခါတခါ.....အချစ်ဆိုတာ......မရည်ရွယ်ပဲ ရေးလိုက်မိတဲ့ ကဗျာတစ်ပုဒ်ပါပဲ....။တခါတခါ.....အချစ်ဆိုတာ......မိန်းမလှလေးတိုက်တဲ့ ၀ိုင်တစ်ခွက်လိုဆွဲဆောင်မှုအပြည့်နဲ့ ယစ်မူးစေတတ်သေးတယ်..။တခါတခါ......အချစ်ဆိုတာ........စိတ္တဇညရဲ့ ကာရံမဲ့တဲ့ကြယ်ကြွေသံလို................တခါတခါ.....အချစ်ဆိုတာ........ဒီလိုနဲ့ .....အခါပေါင်းများစွာမှာပဲ.........ငါကိုယ်တိုင်လဲ အချစ်နဲ့ဝေးကွာနေခဲ့တယ်.....။ဘယ်အခါကျမှ နီးရမယ်. ငါမသိနိုင်ဘူး.......။တကယ်ဆို ဇာတ်သိမ်းဟာ မင်းလက်ထဲမှာမို့.......ငါကံကောင်းဖို့ တိုးတိုးလေး ဆုတောင်းနေရုံကလွဲလို့..........
Tuesday, 14 July 2015
ရည်ရွယ်သူသို့
ငါတို့  တွေ့ရဖို့ အတွက် တရက်ထက်တရက်နေ့ရက်လေးတွေ နီးလာပြီ....ငါတို့  လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့  အချိန်လေးတွေ နီးလာပြီ...........နင့်ကိုတွေ့ရင် အကောင်းဆုံးဖြစ်အောင် နေဖို့ ပြင်ဆင်တက်လာပြီ.....နင်နဲ့ တွေ့ရင် ငါဘယ်လောက်ချစ်တာ ပြောပြဖို့ စကားလုံးတွေ စာစီတက်လာပြီ.........နင်နဲ့ ဆုံရင် ဘယ်နေရာမဆို အတူတူလျှောက်သွားကျမယ်လို့ စိတ်ကူးတက်လာပြီနင်နဲ့ ဆိုရင် နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ မျှော်လင့်တက်လာပြီဆန်းတော့  ဆန်းသားတခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကိုတဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ .....ငါမှားလားချစ်သူ...............မဟုတ်ဘူး...အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ.....
Sunday, 12 July 2015
မင်းရဲ့သစ္စာ
ချစ်သူ.......နင် ငါ့ဘ၀လေးထဲမှာရှိနေမယ်ဆို ဘာမှမလိုအပ်ပါဘူး.......နင့် အချစ်တွေအားလုံးကိုသာ ပိုင်ဆိုင်ရတဲ့သူ ငါတစ်ယောက်တည်း ဖြစ်ချင်ပါတယ် ချစ်သူ..... နင် ငါ့ကို အမြဲတမ်းချစ်နေပေးမယ်ဆို ဘာမှမမျှော်လင့်ပါဘူး..... နင်လဲ ငါ့အချစ်တွေနဲ့ အမြဲထာဝရ ပျော်ရွင်နေပါစေလို့ ပဲ ဆုတောင်းပါတယ် ချစ်သူ..... နင် ငါ့ရဲ့ လက်ကိုတွဲထားမယ်ဆို ငါ ဘာမှ မလိုချင်ပါဘူး.........နင့်ဂရုစိုက်မှုတွေသာ ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ် ချစ်သူ....နင်နဲ့ ဘ၀တစ်ခုကို တည်ဆောက်တော့မယ်ဆို ဘာမှထပ်မလိုချင်တော့ပါဘူး....နင့် အချစ်တွေသာ ငါ့အပေါ် အမြဲတမ်းသစ္စာရှိနေဖို့ အတွက်ပဲ ငါ မျှော်လင့်တာပါ ချစ်သူရယ်.................